8elements ၏ ဝန်ဆောင်မှုများမှလှိုက်လှဲစွာကြိုဆိုပါသည်။ကျွန်ုပ်တို့သည်သင်တို့၏ လုံခြုံရေး ကိုလေးစားပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက် လုံခြုံမှု မူဝါဒ ထဲတွင် ဤမူဝါဒ ကို ဖေါ်ပြ သို့မဟုတ် ရည်ညွှန်း ထားသော ဆိုဒ် များနှင့် အပ်္ပလီကေးရှင်း များပေါ်တွင် သတင်း အချက်အလက် ပေးအပ် သို့မဟုတ် စုဆောင်းခြင်း များ၏ စီမံခန့်ခွဲမှု ကို ဖော်ပြထားပါသည်။
ဤမူဝါဒထဲမှာဖော်ပြထားတဲ့အတိုင်းကျွန်ုပ်တို့ရဲ့ဆိုဒ် များနှင့် အပ်္ပလီကေးရှင်း များ ကိုအသုံးပြုခြင်းအားဖြင့်သင်တို့သည် သင်၏ပုဂ္ဂိုလ်ရေးအချက်အလက်များ ကို ကျွန်ုပ် တို့က စုဆောင်းခြင်း, အသုံးပြုခြင်းနှင့် ထုတ်ဖော်ခြင်း တို့ ကို သဘောတူထားပြီး ဖြစ်သည်။ သင့်ရဲ့ သဘောတူညီမှု သည် သင် ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ ကို ကျွန်တော်တို့က အသုံးပြုနိုင်မှုအတွက်ဥပဒေရေးရာအခြေခံဖြစ်ပါတယ်။သင့် အနေဖြင့် မည်သည့်အချိန် မဆို သင့်ရဲ့သဘောတူညီချက်ကို ပြန်လည် ရုတ်သိမ်းနိုင်ပါသည်။ ကျွန်တော်တို့ရဲ့ဆိုဒ်များနှင့်ဝန်ဆောင်မှုများ တွင် cookies နဲ့ tokens စနစ်များကိုအသုံးပြုထားပါသည်။
ကျွန်ုပ် တို့ ၏ ကိုယ်ရေးအချက်အလက် လုံခြုံမှု မူဝါဒ နှင့် မတူညီသော မူဝါဒ ကို အသုံးပြု သော ပြင်ပ တတိယပါတီက်ဘ်ဆိုက်များ နှင့် လူမှုမီဒီယာစနစ် များ သို့ သွားနိုင် သော လင့်ခ် များ၊ ကိုးကားချက်များ၊ ခလုတ်များ ကို ကျွန်ုပ်တို့ က ဖေါ်ပြ ချင် ဖေါ်ပြ မိပါလိမ့်မည်။ ထို အတွက် မည်သည့် ပြင်ပ တတိယပါတီ ဆိုဒ် ကို မဆို သင် ဝင်ရောက် မိပါ က အဆိုပါ ဆိုဒ် ၏ ကိုယ်ရေးအချက်အလက် လုံခြုံမှု မူဝါဒ က သင့်အပေါ် သက်ရောက်မှု ရှိနိုင်သောကြောင့် ၎င်း တို့ ၏ မူဝါဒများကို ဂရုတစိုက် ဖတ်ရှုဖို့အားပေးတိုက်တွန်းပါတယ်။
ကျွန်ုပ် တို့ အနေ ဖြင့် သင့် ကိုယ် ရေး အချက် အလက်များ ကိုဥပဒေရေးရာလုပ်ငန်းစဉ်များ ၌ သင့် အတွက် အကျိုးဖြစ်စေမည့် အခြေအနေ မျိုး သို့မဟုတ် ကောင်းကျိုး တစ်ခုခု အတွက် ဖော်ပြရန် လိုအပ် သည် ဟု ကျွန်ပ်တို့ က စစ်မှန်စွာ ယုံကြည် သောအခါ များ မှလွဲ၍ 8elements အုပ်စုနှင့် ၎င်း ၏ တွဲဘက် များ ရဲ့ အပြင်ဘက်တတိယပါတီများကိုဝေမျှမည်မဟုတ်ပါ။
သင်သည် ကျွန်ုပ် တို့ ၏ ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများနှင့် ပတ်သက် ၍ ကမ်းလှမ်းချက်များနှင့်ပရိုမိုးရှင်းများပေးပို့ဖို့ ရန်၊ ဝန်ဆောင်မှုအရည်အသွေး ကို မြှင့်တင်ရန် နှင့် လူမှုကွန်ယက် ချိတ်ဆက်မှု ဆိုဒ် များမှတဆင့်သင်အကြောင်းကြားရန် အတွက် သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များကို အခြားကုမ္ပဏီများ, ပြင်ပ တတိယပါတီ ဝက်ဘ်ဆိုက်များ သို့မဟုတ် ပလက်ဖောင်းနှင့် ဝေမျှဖို့ခွင့်ပြုထားကြောင်း ကို ကျေးဇူးပြု ၍ သတိပြုပါစေလိုပါတယ်။
သင် ၏ ကိုယ်ရေး အချက်အလက် များ ကို စုဆောင်းခြင်း၊ အသုံးပြုခြင်း၊ မျှဝေခြင်း တို့နှင့် ပတ်သက် ထိန်းချုပ်မှုနှင့်ရွေးချယ်မှု အချို့တို့ ကို အသုံးချ ပိုင်ခွင့် သင့်တွင် ရှိ ပါသည်။ ပြင်ဆင်ခြင်း, ပြုပြင်ပြောင်းလဲခြင်း , မှတ်ပုံတင်ထားခြင်း ကို ဖျက်ခြင်း တို့အပြင်၊ ဥပမာ အားဖြင့်၊ သင်ရွေးချယ်ထား သော စာရင်းသွင်းမှုများ၊ သတင်းလွှာများနှင့်သတိပေးချက်များ ကို ပြောင်းလဲခြင်း သို့မဟုတ် ကျွန်ုပ် တို့၏ ကမ်းလှမ်းချက်များနှင့်ပရိုမိုးရှင်းများကို လက်ခံလိုခြင်းရှိမရှိရွေးချယ်ခြင်း စသည်ဖြင့် ဖြစ်သည်။ သင်သည် ကျွန်ုပ် တို့ တွင်ရှိသော သင်၏ ကိုယ်ရေး အချက်အလက် များ ကို ဝင်ရောက် ကြည့် ရှု သုံးစွဲရန် အပြင် ပြင်ဆင်ရန် (သို့) ဖျက်ပစ်ရန် ကျွန်ုပ် တို့ကို တောင်း ဆိုနိုင်ပါသည်။
သင် ၏ ကိုယ်ရေး အချက်အလက်များ ၏ လုံခြုံရေး၊ ခိုင်မာမှု နှင့် လျှို့ဝှက်ချက်မှု တို့ မှာ ကျွန်ုပ်တို့ အတွက် အရေးကြီးလှပါသည်။ သင်၏ကိုယ်ရေး အချက်အလက် များကို ကျွန်ုပ် တို့ခွင့်ပြုချက်မရှိဘဲဝင်ရောက်ခြင်း, ထုတ်ဖော်ခြင်း, အသုံးပြုခြင်းနှင့်ပြုပြင်မွမ်းမံခြင်း မှ ကာကွယ်စောင့်ရှောက် ရန်အတွက် ဒီဇိုင်းရေးဆွဲ ထားသော လိုအပ်သမျှ လုံခြုံရေးအစီအမံများ ကိုဆောင်ရွက်ထားပြီးဖြစ်ပါသည်။ နည်းပညာတွေနှင့်နည်းလမ်းအသစ် များကို လိုအပ် လျှင် အသုံးပြုရန်ကျွန်ုပ်တို့၏လုံခြုံရေးလုပ်ထုံးလုပ်နည်းများကိုလည်းပုံမှန် အမြဲပြန်လည်သုံးသပ် ပါသည်။
ကျွန်တော်တို့ဟာအမြဲတမ်း သင်၏ ကိုယ်ရေး အချက်အလက်များ၏ လုံခြုံမှု ကိုစောင့်ထိန်း ရန်အတွက် သင့်လျော် သော အဆင့်များ ကို အမြဲ လုပ်ဆောင်လိမ့်မည် ကို စိတ်ချထားစေလိုပါတယ်။
ဤမူဝါဒ အပေါ် ကျွန်တော်တို့၏ လိုက်နာရန် နှင့် စည်းကမ်းချက်များမှ သက်ရောက်ပြီး လိုအပ် သော ပြင်ဆင်မှု များ ကို ကျွန်ုပ်တို့ က သင့်တော်မည် ထင်သလို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။