KCLUB - Korean lovers

FAQ

ကျွန်ုပ်တို့ K-CLUB ၏ FAQ စာမျက်နှာမှ ကြိုဆိုပါသည်!

သင့် အဆင်မပြေမှုများနှင့် မေးခွန်းများအတွက် ကူညီပေးဖို့ ကျွန်ုပ်တို့ ရှိနေပါတယ်။ အောက်မှာတော့ အမေးများတဲ့ မေးခွန်းများကို ကြည့်ရှုနိုင်ပါသည်။

K-Club ဆိုတာ ဘာလဲ?

K Club ဆိုတာ Hallyu ဖန်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ကေဒရာမာများ၊ ကေပေါ့ဗီဒီယိုများ၊ ပျော်စရာများ၊ ပဟေဠိများနှင့် ဆုများပါဝင်သည့် ကိုရီးယားအချက်အလက်ဝန်ဆောင်မှု ဖြစ်ပါတယ်။

K-Club ဝန်ဆောင်မှုကို ဘယ်သူတွေ အသုံးပြုနိုင်လဲ?

K-Club ကို ကိုရီးယားအကြောင်း စိတ်ဝင်စားပြီး ကိုရီးယားအနုပညာပရိသတ်များဖြစ်တဲ့ Atom အသုံးပြုသူ အားလုံး အသုံးပြုနိုင်ပါသည်။

K-Club အဖွဲ့ဝင် ဘယ်လိုဖြစ်လာနိုင်မလဲ?

K-Club ကို subscribe လုပ်ဖို့ ကျွန်ုပ်တို့ရဲ့ website ကိုသွားပါ။ http://tmm.8elements.mobi/club and click Join Now.

အဖွဲ့ဝင်ပလန်ကို ဘယ်လို ရပ်ဆိုင်းရမလဲ သို့မဟုတ် ဘယ်လို ပြောင်းရမလဲ?

အဖွဲ့ဝင်ခြင်းကို အချိန်မရွေး ရပ်ဆိုင်း သို့ ပြောင်းလဲလို့ ရပါတယ်။ ကျွန်ုပ်၏ အကောင့် စာမျက်နှာသို့ သွားကာ "ထွက်မည်" ကို နှိပ်ပါ သို့မဟုတ် အကူအညီအတွက် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုဌာန သို့မဟုတ် ဖုန်း 09750510376 ကို ဆက်သွယ်ပါ။
support@8elements.net

အဆင်မပြေတာ တစ်ခုခု ကြုံရပါက နည်းပညာအကူအညီ ဘယ်လိုယူရမလဲ?

နည်းပညာပြဿနာ တစ်ခုခု ကြုံရပါက ကျွန်ုပ်တို့၏ အသုံးပြုသူအကူအညီအဖွဲ့ကို support@8elements.net မှတဆင့် ဆက်သွယ်နိုင်သည်။

K-Fun ဆိုတာ ဘာလဲ?

K-Fun ဆိုတာ ကျွန်ုပ်တို့ K-Club ရဲ့ အင်တာတိန်းမန့် ပရိုဂရမ်တစ်ခု ဖြစ်ပါတယ်။ K-POP, K-DRAMA, K-FOOD and K-TRAVEL အစရှိသည့် ခေါင်းစဉ်များနှင့် ပတ်သက်သည့် ပေါ့ပေါ့ပါးပါး ဂိမ်းများ၊ မေးခွန်းများ၊ ပဟေဠိများ ပါဝင်ပါသည်။ ပဟေဠိများ ဖြေရှင်းခြင်း၊ ပေါ့ပေါ့ပါးပါးဂိမ်းများ ဆော့ခြင်း သို့မဟုတ် မေးခွန်းများဖြေခြင်းဖြင့် ပွိုင့်များ ရယူနိုင်ပါသည်။

အသုံးပြုသူတိုင်း အနေဖြင့် အမှတ်အများဆုံးကို အမြန်ဆုံးအချိန်အတွင်း စုခြင်း နှင့်/သို့မဟုတ် မေးခွန်းများကို ဖြေနိုင်သမျှဖြေခြင်းဖြင့် portal ပေါ်ရှိ ဆုလက်ဆောင်များကို ရယူနိုင်မည့် အခွင့်အရေးရှိပါသည်။ K-Club portal ကို http://tmm.8elements.mobi/club မှတဆင့် ဝင်ပြီး ပရိုဂရမ်ကို ဝင်နိုင်ပါသည်။

အသုံးပြုသူများအနေဖြင့် ဆုဘယ်လို ရယူနိုင်လဲ?

ဦးစွာ K-Club အဖွဲ့ဝင် ဖြစ်ရပါမည်။
ထို့နောက် ပဟေဠိများ ဖြေရှင်းခြင်း သို့မဟုတ် ပေါ့ပေါ့ပါးပါးဂိမ်းများ ဆော့ခြင်းဖြင့် ပွိုင့်များ စုနိုင်ပါသည်။ အမှတ်အများဆုံး အသုံးပြုသူ ၁၀ ယောက်သည် အဆင့်ပြဇယား၏ ထိပ်ဆုံးတွင် ပေါ်နေမည် ဖြစ်သည်။ လက်ရှိအဖွဲ့ဝင်များသည် သူတို့ ရရှိထားသော ပွိုင့်များကို လဲလှယ်ပြီး ဆုများရယူနိုင်ပါသည်။

အနိုင်ရရှိသူတွေကို K-Fun က ဘာဆုတွေပေးမှာလဲ?

အသုံးပြုသူတိုင်းအနေဖြင့် မိုဘိုင်းဒေတာနှင့် ဖုန်းဘေလ်၊ e-wallet ငွေသား၊ မိုဘိုင်းဖုန်းများ၊ ရှိုးပွဲလက်မှတ်များနှင့် အခြားဆုလက်ဆောင်များစွာကို ရယူနိုင်မည့် အခွင့်အရေးရှိပါသည်။ လက်တလောရှိသော ပရိုမိုရှင်းအစီအစဉ်များနှင့် လစဉ်မတူညီသော အစီအစဉ်များပေါ် မူတည်ပြီး ဆုလက်ဆောင်များ ကွာခြားနိုင်ပါသည်။

အသုံးပြုသူများအနေဖြင့် ဆုလက်ဆောင်များ လက်ခံရရှိဖို့ ဘယ်လောက်ကြာမလဲ?

အနိုင်ရရှိသူ၏ အချက်အလက်ကို စစ်ဆေးရန် အများဆုံး ၃ ရက်အတွင်း 8elements မှ အနိုင်ရရှိသူကို ဆက်သွယ်ပါမည်။ အောင်မြင်စွာ စစ်ဆေးပြီးနောက် ဆုလက်ဆောင်ကို ၁၄ ရက်ထပ်နောက်မကျဘဲ အနိုင်ရရှိသူထံ ပေးပို့ပေးမည် ဖြစ်ပါသည်။

အသုံးပြုသူများအနေဖြင့် K-Fun အကြောင်း ပိုသိဖို့ ဘယ်မှာကြည့်လို့ရမလဲ?

မေးခွန်းများ မေးရန်အတွက် support@8elements.net ထံ မေးလ်ပို့နိုင်ပါသည် သို့မဟုတ် ဖုန်း 09750510376 ကိုဆက်ပြီး အသုံးပြုသူဝန်ဆောင်မှု ဌာနကို ဆက်သွယ်နိုင်ပါသည်။